Wednesday, March 16, 2011

ကြခတ်ဝိုင်း ဆရာတော် ပျံလွန်တော်မူ

မြန်မာစစ်ခေါင်းဆောင်များ ကိုးကွယ်ဆည်းကပ်သည့် နိုင်ငံကျော် ကြခတ်ဝိုင်း ဆရာတော် ဦးဇောတိပါလသည် အဆုတ်ရောဂါဖြင့် ယခုလ ၁ ရက်နေ့တွင် ပဲခူးမြို့၌ ပျံလွန်တော်မူသွားပြီ ဖြစ်သည်။

အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ ဆရာတော် ဘဒ္ဒန္တဇောတိပါလသည် ပဲခူးမြို့ သွန်းဘုရားလမ်းရှိ သီရိမင်္ဂလာ ကြခတ်ဝိုင်း ပရိယတ္တိစာသင်တိုက်၌ ည ၈ နာရီခွဲခန့်တွင် ပျံလွန်တော်မူခဲ့ကာ သက်တော် ၉ဝ နှစ်၊ ဝါတော် နှစ် ၇ဝ ရှိပြီဖြစ်သည်။

“စောစောကတော့ ဦးနှောက်သွေးကြော ပိတ်တယ်၊ လေဖြတ်တယ်လို့

jakawine
ပျံလွန်တော်မူသွားပြီဖြစ်သည့် နိုင်ငံကျော် ကြခတ်ဝိုင်း ဆရာတော် ဦးဇောတိပါလ
ခေါ်တာပေါ့။ ဘာမှမလှုပ်ရှားဘဲ နေလာတဲ့အတွက်၊ အဆုတ်မလုပ်နိုင်တဲ့အတွက် သလိပ်ခဲပြီး ပိတ်ပြီးနေတယ်။ ဒီလိုဖြစ်နေစဉ် နောက်ပိုင်းမှာ ချွဲတွေက မနိုင်တော့ဘူး။ အခုလို ဖြစ်တာကလည်း ၄-၅-၆ လလောက် ရှိပြီ။ အဲဒီလိုနဲ့ ကုသရင်း ကုသရင်းနဲ့ အဆုတ်က ဘာမှ အလုပ်မလုပ်တော့ဘူး။ နှလုံးက ပျံလွန်တော်မူတဲ့အထိ နှလုံးခုန်နှုန်း ကောင်းနေတယ်” ဟု ကြခတ်ဝိုင်းတိုက်အုပ် ဆရာတော် တပါးက မဇ္ဈိမကို မိန့်ဆိုသည်။



ရုပ်ကလာပ်ကို သာသနာရေးဝန်ကြီးဋ္ဌာနမှ တာဝန်ရှိသူများအပါအဝင် နိုင်ငံတော် အကြီးအကဲအချို့နှင့် ကြည်ညိုသူ ဒကာ ဒါယိကာမများ လာရောက်ပူဇော်လျက်ရှိသည်ဟု ဆိုသည်။ သို့သော် အသေးစိတ်ပြောရန် သူက ငြင်းဆိုသည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာ သံဃာ့လှုပ်ရှားမှု ကာလအတွင်း ’’မီးကြွင်းလည်း မထားနဲ့၊ ရန်ကြွင်းရန်စလည်း မထားနဲ့။ ဘုရားသား၊ ကျောင်းသား၊ စစ်သားတွေကို လိုအပ်ရင် သုတ်သင်ချေမှုန်းရမယ်’’ ဟူ၍ စစ်ဗိုလ်ချုပ်များကို သားသုံးသား နှိမ်နင်းရေး သြဝါဒ ပေးခဲ့သူအဖြစ် ကြခတ်ဝိုင်း ဆရာတော်ကို လူသိများခဲ့သည်။

ထိုနှစ် နိုဝင်ဘာလထဲတွင် ပဲခူးမြို့ပေါ် လမ်းမများ၌ “သားသုံးသား” ရှင်းလင်းရေး အခါတော်ပေးခဲ့သည့် ဆရာတော်နှင့် ကျောင်းတိုက်ရှိ သံဃာတော်များကို သပိတ်မှောက်သည့်အနေဖြင့် “ကြခတ်ဝိုင်း ကျောင်းတိုက်က သံဃာတော်တွေကို ဆွမ်းမလောင်းပါ” ဟူသည့် သပိတ်မှောက် စာတန်းများ ကပ်ခဲ့ကြသည်။

ဆရာတော်က တုံ့ပြန်သည့်အနေဖြင့် သူပိုင်ငွေစာရင်းရှင်းတမ်း ချက်ချင်းထုတ်ပြန်ခဲ့ရာ ’’ငါလိမ္မာတာ ငါဖို့၊ ငါချွေတာ ငါဖို့၊ ငါကြိုးစားတာ ငါဖို့’’ ဆိုသည့် မူအတိုင်း သွားနေကြောင်းနှင့် ကျောင်းထိုင်သက် ၅၉ နှစ် ရှိသဖြင့် ငွေစုနှစ် အနှစ် ၃ဝ ပြည့်ခဲ့ပြီး ကျပ်သိန်းပေါင်း ၃ သောင်း ၇ ထောင် ရှိသည်ဟု ဆိုခဲ့သည်။ ထို့အပြင် လက်ရှိ စာချသံဃာ အပါးတထောင်ကျော်ကို ကျွေးမွေးရာတွင် ’’ဝအောင် ကျွေး၊ လှအောင် ပေး၊ တတ်အောင် သင်၏၊ ငြိမ်အောင် အုပ်တယ်’’ ဟုပါ ရေးခဲ့သည်။

“ရွှေဝါရောင် တော်လှန်ရေး မတိုင်ခင်တုန်းက သာသနာလောကမှာ အင်မတန် ခိုင်မာကျော်ဇောခဲ့ပါတယ်။ ရွှေဝါရောင် တော်လှန်ရေးမှာ သူ့ရဲ့သမိုင်းကြောင်းက အင်မတန် ကြောက်စရာကောင်းလှပါတယ်။ ဆရာတော်က အစိုးရအကြိုက် လိုက်ပြီးတော့ လုပ်တဲ့အခါမှာ တချို့သံဃာတွေက ကျောင်းတိုက်တွေကနေ ထွက်ကုန်တာတွေ ရှိတယ်” ဟု ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ဆရာတော် ဦးထာဝရက မိန့်ဆိုသည်။



ဆွမ်းဘုန်းမပေးခင် သံဃာများကို ‘BBC လိမ်နေသည်၊ RFA ညာနေသည်’ ဟု ရွတ်ဆိုခိုင်းခဲ့သည်ဟုလည်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ သီတင်းသုံးနေသည့် ဦးထာဝရက ဆိုသည်။

ဆရာတော် ဦးဇောတိပါလကို အဘ ဦးဘိုးသုံနှင့် အမိ ဒေါ်အုန်းပွင့်က ပဲခူးတိုင်း ကဝမြို့နယ် နိဗ္ဗာန်ကျေးရွာ၌ ၁၂၈၃ ခုနှစ် နယုန်လဆန်း ၂ ရက်နေ့ (ခရစ်သက္ကရာဇ် ၁၉၂၁ ခုနှစ်) တွင် ဖွားမြင်ခဲ့ပြီး၊ မွေးချင်း ၉ ဦးအနက် ပဉ္စမမြောက် ဖြစ်သည်။ ငယ်နာမည်မှာ မောင်ကြာခိုင် ဖြစ်သည်။

မြန်မာသက္ကရာဇ် ၁၃၁၅ တွင် သာသန ဓဇသိရီပဝရ ဓမ္မာစရိယစာမေးပွဲ အောင်မြင်ခဲ့ပြီး၊ သိရီမင်္ဂလာ ကြခတ်ဝိုင်း ပိရိယတ္တိစာသင်တိုက်၌ စာသင်သား ရဟန်းသာမဏေများကို ပရိယတ္တိစာပေ သင်ကြားပို့ချပေးခဲ့သည်ဟု ယနေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာက ဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်း၌ ဖော်ပြထားသည်။

ပဲခူးမြို့နယ် သံဃမဟာ ပဝါရဏပွဲနှင့် ဝိနည်းစာပြန်ပွဲ ဝန်ဆောင်ချုပ်၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ နိုင်ငံတော် ဝိနည်းဓိုရ်၊ နိုင်ငံတော် သီးခြားဝိနည်းဓိုလ်၊ နိုင်ငံတော် သြဝါဒါစရိယ၊ ရွှေကျင်ဂိုဏ်းလုံး ဝန်ဆောင် နယက၊ ရွှေကျင်နိကာယ ဥပ ဥက္ကဋ္ဌ မဟာနာယက တွဲဖက် ရွှေကျင်သာသနာပိုင် စသည့် သာသနာရေး တာဝန်ကို ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် မဟာဝဂ္ဂါဒိန္ထသတ္တက ပါဠိပါရဂူကျမ်း၊ ပါဠိမဂ္ဂုဒ္ဒေသကဝိဘာဝနီကျမ်း၊ ပါဠိပညာဗျာကရဏာ ဝိဘာဝနီကျမ်း၊ ဘာဝနာရသ ဝိဘာဝနီကျမ်း၊ အရိယာမဂ္ဂက္ခဏ ဝိဘာဝနီကျမ်း စသော ကျမ်းပေါင်း ၄၂ ကျမ်း ပြုစုခဲ့ကာ၊ စာသင်တိုက် ခွဲပေါင်း ၄၅ တိုက် ဖွင့်လှစ်တည်ထောင်ခြင်းတို့ ထမ်းဆောင်ခဲ့သည်ဟု ရေးသားထားသည်။

ယခုအခါ ကြခတ်ဝိုင်း ကျောင်းတိုက်၌ စာသင်သား သံဃာ ၅ဝဝ ကျော် သီတင်းသုံးလျက်ရှိသည်။

ဆရာတော်၏ ရုပ်ကလာပ်ကို ယခုလ ၅ ရက်နေ့တွင် မှန်တိုက်သွင်းပြီး ၉ ရက်နေ့တွင် ဆရာတော် တည်တော်မူခဲ့သည့် ရွှေအောင်ရွေးဘုရား၌ မီးသင်္ဂြိုဟ်ပြီး၊  ကြွင်းကျန်သည့် ပြာများကို ရေမျောရန် စီစဉ်ထားသည်ဟု တိုက်အုပ်ဆရာတော်က မိန့်ဆိုသည်။

ကြိုးစားပါ

(၁)စိမ်းညိုရောင်သန်း-တောတောင်တန်း၊
ပြာဝင်းကောင်းကင်-အလှဆင်၊
ချိုမြိန်တေးညံ-ဥသြသံ၊
နားဝင်ချိုဖွယ်-တည်ရှိလေ၊
ရာသီအပေါင်း-နွေမိုးဆောင်း။
အမည်ခေါ်အပ်ကျွန်းမင့်မြတ်။

(၂)ပင်လယ်မဟာ-မြစ်ကြီးပါ၊
ကာရန်စီထား-လိုင်းငယ်များ၊
အဝေးကမြင်-မူန်ဝါးထင်၊
အနီးသို့ရောက်-လင်းထိန်တောက်၊
အုန်းတောညီညာ-ရှိလေရာ၊
အမည်ခေါ်အပ်ကျွန်းမြင့်မြတ်။

(၃)ဘုရားကျောင်းကန်-တည်ရှိဟန်၊
မြင်သူအများ-သဒ္ဓါပွား၊
ဘိုးဘွားလက်ထက်-အစဉ်ဆက်၊
ကိုးကွယ်လကြ-မြတ်ဗုဒ္ဓ၊
သာသနာရောင်-ထွန်းလင်းပြောင်၊
အမည်ခေါ်အပ်ကျွမ်းမြင့်မြတ်။
ဇေယျသူရ(M.A)


စာရေးဆရာ
စ=ပေသုတ-ပြည့်ဝစုံမှ
လုံဝဥဿုံ-ပန်းတိုင်ဘုံကို
အစုံခြေလက်-တွန်းအားယှက်လျက်
မခက်အမှန်-ရောက်မည်မှန်၏၊


ရေး=သားစုဆောင်း-စာအုပ်ပေါင်းလည်း
ထောင်သောင်းများစွာ-ရှိမှသာလျင်
စန္ဒာလမင်း-အရောင်ဝင်းသို့
ထွန်းလင်းမည်မှာ-မလွဲသာတည်း၊


ဆ=ရာမပါ-မပြီးတာကြောင့်
လိုရာသင်ယူ-မငြင်းငြူဘဲ
တစ်မူတခြား-စိတ်မသွာပဲ
အမှားကိုပြင်-အမှန်မြင်၏၊


ရာ=ကိုထောင်နဲ့-မြှောက်ကာပင့်သော်
မြင့်တင့်ဆပွား-အလွန်များသို့
များပြားပညာ-ရှိလေတာကြောင့်
ဆရာပီသလွန်တောက်ပ၏။

Sunday, October 10, 2010

မင်းသိပါစေ

မင်းကို ငါချစ်ခဲ့တာတွေဟာပြီးဆုံးခြင်းမေတ္တာတွေမပါဘူး...မျော်လင်းခြင်းအနာဂါတ်တွေနဲ့ ထာဝရရှင်သန်ခြင်းတွေအပြည့်ရှိနေတာပါ .

Wednesday, September 8, 2010

think

you and me , how to relax in the some where but My mine is forever arriving to your heart and than like the flower and rose that must be gave up to other thing from the My life , you can also chose some thing for you but I am always standing right way for you. :)
Davisko

လမ်းမှန်သို့

လမ်းမှန်သို့

အားမဟိသူအတွက် ကလောင်ကညူကလီယက်
စိမ့်ထွက်လာရေမှင်စက် ငါ့စာပီလက်နက်
ကိုလိုနီဖျက်သိမ်းရေးအတွက်
ကမ္ဘာ့ခုံယုန်းထက် စွဲချက်တင်နိုင်ကေ
တမျိုးသားလုံးထွက်ရပ်ရောက်မည်
လွတ်စီဆိုရေမှင်စက် ယိုထွက်စီရမည်
သမိုင်းမှန်ရာဖော်ထုတ်ကေ
ရခိုင်ပြည်တနိ မုက္ချလွတ်မြောက်မည် --။

ဇွဲလုံးလအားမာန်နန့် ကမ္ဘာ့ရီစီးကြောင်းကိုကျအောင်ဆွဲချ
ထဝေမိတ်ဆွေ လက်တွဲညီကတ်မည် ငိုက်မနီကဲ့
မင်းနဖူးကချွေးတစက် ငါ့နှလုံးသွီးနန့်ရောစပ်
ရခိုင်ပြည်လွတ်လပ်ရေးအတွက် စံဝင်စင်ထက်တင်ကတ်မည်
ဟန်ချက်ညီကေ ဆုံချက်ညီရေ
ရခိုင်ပြည်ကြီးလုံးဝလွတ်လပ်ရမည် မြီကြီးလက်ခတ်မလွဲ
ကျိန်းသီ သေချာရေ --။

ခိုင်မြသိန်း (ချောင်းသာကြီး)
အေပြီလ ၂၄ ရက်၊ ၂၀၀၅
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။

မင်း

ဖြူစင်တဲ့ မင်းနှလုံးသားတွေကို အရောင်မဆိုးသမျှကာလပတ်လုံး မင်းပျော်ရွှင်မူတွေနှင့်ဝေးနေမှာဘဲ့
Kodavis